Life & Dream ft. Y - Yumm Lyrics
- Genre:Hip Hop & Rap
- Year of Release:2023
Lyrics
Yeah!
Gealluss
Auh!
Life and dream
Yeah!
စာကြိုးစားပြီး ပညာရှာပါ ငယ်သောအခါမှာ
စာကို သီချင်းလောက် စိတ်မဝင်စားတဲ့ငါ့အတွက် ရယ်မောစရာဒါ
တကယ်ပြောတာပါ ဂီတနဲ့ ပတ်သတ်လာရင် မလွယ်တော့ပါငါ
လူတွေကြိုက်သလောက်ရယ်မောကာဟားပါစေ လက်မလျှော့ဘူး ဘယ်သောအခါမှ
ငယ်ရွယ်စဉ်အချိန်တုန်းက သီချင်းလုပ်တာနဲ့ အချိန်ဖြုန်းတာ
စာသင်ချိန်မှာသီချင်းတွေရေးခဲ့မိလို့ ရတဲ့ ကြိမ်လုံးများ
မင်းကအဆိုတော် မဖြစ်နိုင်ပါဘူးကွာလို့ ထပ်ကာနှိမ်ဦးမလား
တစ်ချိန်မှာ အမှိန်ဆုံးဘဝကနေ ဖြစ်စေရမယ် အထိန်ဆုံးလ
တစ်အိမ်လုံးက ခွင့်မပြုတဲ့ သီချင်းကိုမှငါ
ခြောက်တန်းကျောင်းသားဘဝကတည်းက ရူးသွပ် အတင်းကိုအားသာ
ဘဝကဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ငါ့ကို နင်းဖြိုချပါစေ
တစ်ချိန်ကျ အမြင့်ကိုသွားမှာ ဆိုတဲ့စိတ်နဲ့ အားတင်းလို့ထားတာ
စာမေးပွဲအတွက် ကျောင်းသားတွေ စာကျက်ကာလေးနက်
နေတဲ့အချိန်မှာ ငါကဖတ်စာလေးရဲ့ နောက်မှာ သီချင်းတွေဆက်ကာရေးဖွဲ့
တာကိုဆရာမမြင်တော့ တစ်တန်းလုံးကြားအောင် ဖတ်ကာပေးခဲ့
ထပ်ကာမတွေးရဲ အားလုံးဝိုင်း ဟားကြတော့ ငါ့မျက်နှာလေးငယ်
စာကျက်ချိန်မှာသီချင်းတွေ ရေးဆိုမိလို့ အပြစ်တွေဆက်ကာပေးခဲ့
အမှိုက်တွေကောက်ခိုင်း ဖားခုန်ခိုင်းပြီး အိမ်သာတွေ ပတ်ကာဆေးတဲ့
ကျောင်းထဲကထွက်ကာပြေးခဲ့ချင်လဲ ငါ တစ်စက်မှ သွေးမနည်း
ကံတရားကသက်ညှာမပေးလဲ သီချင်းအတွက်ဆို အသက်ပါပေးရဲတယ်
ပြဿနာအသေးအဖွဲတွေကအကြီးဆုံး အနာတရအဖြစ် ငါ့ရင်မှာ ထပ်စိုက်ထွင်းသွား
အကွက်လိုက် အထင်းသား မြင်ခဲ့ရတဲ့ လူ့အဖွဲ့စည်းရဲ့ ဘက်လိုက်ခြင်းများ
ငါ့ကို ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ထပ်အကြိုက်မင်းဟားလဲ ရပ်လိုက်မစဉ်းစားနဲ့
That's right ဆက်တိုက်သီချင်းများဖန်တီးမယ် ငါ့ဘဝမှာငါသာ ဇာတ်လိုက်မင်းသားပဲ
အိပ်မက်များစွာ အို မက်ခွင့်ရှိတယ်
လူသားတွေတချို့က နှိမ်ချင်တယ်
မိုးခါးရေထဲ ငါကြိုးစားနေဆဲ
ဒီလိုလမ်းတစ်ဝက်မှာ ငါ့အနာဂတ်ဟာ ဝိုးတဝါးတွေနဲ့
တစ်နေ့နေ့တော့ ရောက်အောင်လာမယ့် အလင်းတန်းများဆီသို့
နွေးထွေးစွာ စောင့်မျှော်နေမယ်
Yeah!
Y - yumm
Auh!
ငါ့နေ့စဉ်ဘဝမှာ လေးပင်လှစွာ
အလုပ်ကိစ္စတွေ နေ့အပြင်ညပါ တွေ့မြင်ရတာတွေက တွေးရင်သနားစရာ
မိုးလင်းမိုးချုပ်အလုပ်ထဲမှာ သံကြိုးခတ်ထားတဲ့ ခွေးအသွင်ဘဝသာ
ငါလဲ တာဝန် pressure စိတ်ရှုပ်စရာတွေရဲ့ အဝေးဆုံးကို ပြေးချင်လှတာ
18နှစ်ဆိုတာ လွတ်လပ်လို့အကောင်းဆုံး ဆယ်ကျော်သက်အရွယ်
ရှယ်အဖော်မက်တယ် လူငယ်ပီပီ လည်ပျော်ပတ်မယ်
မလုပ်ချင်တာတွေ လုပ်ရပြီးအချိန်ကုန်နေတော့ ဘယ်ပျော်တတ်မလဲ
တကယ်နော်ခက်တယ် ကဲ Y-Yumm မင်းအလုပ် ဘယ်တော့ထွက်မလဲ
ရောက်တဲ့ဘဝနဲ့ အိမ်မက်တွေက အရမ်းကွာဝေးလျှက်
စားဝတ်နေရေးအတွက် ကျန်းမာရေးအတွက်
ဝမ်းစာရေးမပျက်ဖို့ စိတ်ညစ်စရာတွေ အရမ်းသာပြည့်နှက်
ပင်ပန်းကာချွေးစက်တွေကျလဲ ဒီသီချင်းကို လှမ်းကာရေးစပ်ပြီး run ကာရှေ့ဆက်
လမ်းမှာအကွေ့အပတ် အတားအဆီး အခက်အခဲတွေများဆဲ
အပြတ်ခဲလေသမျှ ဆက်သဲရေကျခဲ့တဲ့ ရက်စွဲတွေကမနည်း
ဘဝမှာ ထပ်လဲ၍ကျလဲ အမှတ်သည်းချေတအားနည်း
အသက်ပဲ သေသွားမယ် ငါလိုချင်တဲ့ ပန်းတိုင် မရောက်မချင်း မရပ်ပဲလေသွားခဲ့
အသက်ငယ်သော်လည်း ဖိအားရဲ့ပမာဏ ရှိသွားတဲ့အခါကျ
ဘဝရဲ့အကြောင်းကို အလုပ်လုပ်မှပို သိသွားခဲ့တာဗျ
ပီသခဲ့ဆရာသမား ဖြည်ချခဲ့မာန
ဒုက္ခတွေကို မရီရတဲ့ဟာသလို ရှေ့ဆက်ပြီး အသိတရားနဲ့သာသွား
သီချင်းလုပ်ဖို့ စိတ်လူပင်ပန်း အပီ အားခဲလာသမျှ
ဒီတစ်လလဲ ရှားထားတဲ့ငွေ ကြာတော့ ငါ့အတွက် အီသွားတဲ့ အာဟာရ
Beat bar လဲအထာကျ ဂီတနဲ့စာသားတွေပဲ
ရေးစပ်ဖန်တီးချင်တဲ့ လူငယ်တစ်ယောက်အတွက် ပေးခဲ့တဲ့အချိန်နဲ့ ရတဲ့ငွေဟာ ညီမျှခဲ့ပါသလား