A Chit Yae Lifetime ft. Mon Yee Lyrics
- Genre:Hip Hop & Rap
- Year of Release:2022
Lyrics
လေနှင်ရာမျှောလွှင့်သွားတဲ့တိမ်
ပြန်မလာတာသိလျက်နဲ့
ငါ့စိတ်က
မင်းမှမင်းပဲ ဖြစ်လို့နေတုန်း
ရောင်နီဟာ မလင်းလက်တော့တဲ့အချိန်
မှောင်ရီကာ ဝိုးတဝါးတိတ်ဆိတ်ငြိမ်သက်
မေ့ပစ်ထားတဲ့ မင်းက မသိဘူး
ဟူး
ရေး
မေ့ပစ်ထားတယ်
ငါ့အတိတ်တွေတိုင်း
ပြန်စဥ်းစားတိုင်းမှာ မျက်ရည်တွေဝိုင်း
ရင်ဘတ်ကြီးနဲ့ရင်းခဲ့လိုက်
နင်ဖျက်ဆီးခဲ့ အချစ်ရဲ့ Lifetime
မင်းနဲ့တွေ့ဖို့ နောက်ထပ်မကြိုးစားတော့ ဒီအတိုင်း
မေ့ပစ်ဖို့အတွက်ပဲလက်ခံလိုက်
နင့်ရဲ့ဘက်က မလိုအပ်တော့လို့
အထုပ်အပိုးနဲ့ထွက်ခဲ့
အပေါ်ယံဟန်ဆောင်မှု
အကြင်နာတွေ ပုပ်သိုးမလတ်ဆတ်ပဲ
ပြန်တွေးလိုက်တိုင်း
ဒီရင်ဘတ်မှာ ချုပ်ရိုးအထပ်ထပ်နဲ့
အမှောင်ထဲမှာ တစ်ယောက်တည်းငါ
အရုပ်ကြိုးပျက်လျက်လှဲ
အရူးမီးဝိုင်းခံရခက်သလို
မင်းကဘယ်လိုခံစားတတ်မလဲ
ဘဝတစ်ခုကိုဖျက်ဆီးခဲ့လို့
ဘယ်ဘုရားမှ ဒဏ်မှမခတ်ပဲ
ကျကွဲသွားတဲ့ ပန်းကန်ပြားတစ်ချပ်ကို
ဘယ်လိုအရာနဲ့ပြန်သွားဆက်မလဲ
ခဏလာနားတဲ့ ပျံလွှားငှက်ငယ်
သစ်ပင်အိုကိုချန်ထားရက်တယ်
အမှန်အမှားမတွက်ပဲ နင့်ပေါ်ထားတဲ့
ငါ့ရဲ့မေတ္တာ အဆုံးအစမရှိ
လိုအပ်ချိန်မှအသုံးချသည့်
နင့်အတွက်ငါ့မှာ အမုန်းကမရှိ
တုံးအသည့် အရှုံးသမားကြီးတစ်ယောက်
ဘဝဟာ လုံးပါးပြီး
လေထဲမှာဆောက်တဲ့ တိုက်အိမ်လေးတစ်လုံး
တိမ်စိုင်တွေ ဖုံးသွားပြီ
အသစ်အသစ်တွေ မကြာခဏတွဲပြလို့
စိတ်ဒဏ်ရာ အနာများပဲရ
နင့်ဘက်က ဘာများလွဲမှား
လွဲမှားပါစေ ငါ့အမှားပဲထား
ဂုဏ်ဒြပ်တွေကွာခြားတဲ့ဘဝမို့
နင့်အတွက်ငါ ပါမွှားပဲမလား
မင်းစကားတွေမှတ်မိသေးတယ်
အရမ်းချစ်တယ် ထာဝရတဲ့လား
ငါ့အတိတ်တွေတိုင်း
ပြန်စဥ်းစားတိုင်းမှာ မျက်ရည်တွေဝိုင်း
ရင်ဘတ်ကြီးနဲ့ရင်းခဲ့လိုက်
နင်ဖျက်ဆီးခဲ့ အချစ်ရဲ့ Lifetime
မင်းနဲ့တွေ့ဖို့ နောက်ထပ်မကြိုးစားတော့ ဒီအတိုင်း
မေ့ပစ်ဖို့အတွက်ပဲလက်ခံလိုက်
မနက်ဖြန်တိုင်းမှာ ရှိနေချင်လည်း
အဖက်မတန်စွာ ဆက်ဆံလိုက်တာချည်း
အတူရှိဖူးတဲ့ မှတ်ဉာဏ်အပိုင်းအစတွေ
ဖျက်ရန်အတွက်ငါ ဓာတ်မှန်ရိုက်ရှာကြည့်တယ်
စက္ကန့်တိုင်းမှာငြိတွယ်
မိခဲ့လို့ အသိမဲ့ရ အချစ်က မီးခဲလား
ကိုင်ကြည့်လို့ မီးစွဲသွား
တစ်လှေတည်း စီးပြီးတော့
တစ်ခရီးတည်း သွားမယ်ဆိုပြီး
ကတိမဲ့လှတဲ့ မိငယ်
မင်းက
စည်းလည်းမထား
အနားမှာမရှိတဲ့ခဏ
အသစ်ရှာပြီးတွဲသွား
နင့်ရဲ့ အမိရဲ့အဖရဲ့
စကားကိုသာ နားပိုထောင်
မေ့ပစ်လိုက် ငါ့လိုကောင်
ဘယ်လိုမှ သနားဖို့မကောင်းပဲ
အနာဂတ်တွေ ညလိုမှောင်
မည်းနေတဲ့ ဘဝကိုရှောင်
ရွှေအိမ်ပေါ်မှာ စံပါမင်းသမီး
ဒါက ကားဂိုထောင်
အတိတ်ကို ပြန်မစဥ်းစားနဲ့
သိပ်ကိုခံပြင်းသွားမယ်
ကြိတ်ငိုရန်တင်းမထားနဲ့
အရိပ်ခိုရန် မင်းနားခဲ့
ငါဆိုတာ နင်းပြားပဲ
မင်းဘေးမှာ ဒင်္ဂါးပုလဲ
ခေါင်းရှုပ်ခံ မစဥ်းစားနဲ့
မြင်နေတာ အရှင်းသားပဲ
ငါ့ကိုသာ မင်းထားခဲ့
ငါ့အတိတ်တွေတိုင်း
ပြန်စဥ်းစားတိုင်းမှာ မျက်ရည်တွေဝိုင်း
ရင်ဘတ်ကြီးနဲ့ရင်းခဲ့လိုက်
နင်ဖျက်ဆီးခဲ့ အချစ်ရဲ့ Lifetime
မင်းနဲ့တွေ့ဖို့ နောက်ထပ်မကြိုးစားတော့ ဒီအတိုင်း
မေ့ပစ်ဖို့အတွက်ပဲလက်ခံလိုက်