တောင်ကြီးရဲ့ ချစ်ကဗျာ (Extended Mix) ft. Twilight & Nay V. Young Lyrics
- Genre:Electronic
- Year of Release:2022
Lyrics
ငယ်ကနေခဲ့တဲ့ အိမ်ကလေးကို
ပြန်သတိရလို့နေပြီ
အခုထိနေရာမှာ
အရင်တိုင်းပဲရှိနေမလား
ရက်တွေများစွာ
ကြာခဲ့ပြီ
အိမ်ကလေးနဲ့ ဝေးရာမှာ
မျက်စိစုံမှိတ်ကာ
အိုတမ်းတလိုက်ပါ
ပျော်ခဲ့တဲ့ နေ့ရက်များ
ဘယ်လောက်ကိုပင်…ရှည်လျားတဲ့
ခေတ်ရေပြင် ရေစီးကြောင်းဟာ
တစ်နေ့တော့ရောက်ရင်
ဆုံးခမ်းသွားမှာပါ
သိပ်ကိုပင် အပူအပင်ကင်းတဲ့
ဆိတ်ငြိမ်တဲ့ ကမ္ဘာရဲ့ တစ်ဖက်က
ရိုးရှင်းဘဝသာ စိတ်ချမ်းသာရစေတာ
တောင်တန်းတွေ ဝန်းရံမြို့ကလေးမှာ
စက်ဘီးလေး နင်းကာသွား
ရင်းနှီးသူတစ်ဦးက ဟိုမလှမ်းမကမ်းမှာပါ
ငယ်ကကစားဖော် ကလေးဗိုလ်
သူလေးများဖြစ်နေမလား
လက်ယက်ခေါ်နေတာ
သူကြားသွားလို့ရင် ပြန်မှတ်မိအုံးမလား
အတိတ်ရေစက် ဆုံစည်းပြီး
ပြောစရာတွေ မကုန်သော နှစ်ဦးဟာ
တဖြေးဖြေးနီးလာ သံယောဇဉ်ကြိုးသွယ်ကာ
ဘဝခရီးရဲ့ လက်တွဲဖော်ဖြစ်လာမှာ
ကောင်းကင်တစ်ခွင်မှာ
ချမ်းတုန်အောင် နှင်းမြူများဆိုင်းကာ
အချစ်စစ်ကြောင့်သာ
တစ်လောကလုံးကို နွေးထွေးသွားတာပါ
လှေထိပ်မှာ နားခိုမှီလဲကာ
ပျံလွှားများ ဝန်းရံလာ
အင်းလေးရေပြင်ဟာ ပန်းချီကားလေး တစ်ချပ်လိုပါ
တကယ်ကိုပင် အပူပန်ကင်းတဲ့
ဆိတ်ငြိမ်တဲ့ ကမ္ဘာရဲ့တစ်ဖက်က
အချစ်ရှိတဲ့နေရာ ဘဝသစ်စတင်ကာ
နှစ်ယောက်ကိုယ်တူ လက်တွဲပြီး
အပြုံးကိုယ်စီ ပန်ဆင်ထားလို့သာ
ဖော်ကြူးသွားလိုက်မှာ တောင်ကြီးရဲ့ ချစ်ကဗျာ