![Eain Matt Soe](https://source.boomplaymusic.com/group10/M00/01/23/b19c7fda8db14f77b6095e5853471bccH3000W3000_464_464.jpg)
Eain Matt Soe Lyrics
- Genre:Pop
- Year of Release:2025
Lyrics
လောကကြီးကိုစိတ်ကုန်တဲ့ အကြောင်းတွေ
ငါ့စိတ်ထဲမှာအပြည့်
အိပ်မရတဲ့ ညတွေ ဆက်နေပြီ
ဘယ်ဘုရားက ငါ့ကို ဆင်းကယ်မှာလဲ ပြောပါဦး
ဒီလောကကြီးမှာ ကိုယ်ဖြစ်ကိုယ်ခံပဲ
အိပ်မက်ဆိုးတစ်ခုအဖြစ် လန့်နိုးသွားရင်ကောင်းမယ်
ဒီမွန်းကြပ်တဲ့ဘဝအလယ် ဘယ်လိုမှ အဆင်မပြေလို့
စက်ရုပ်လိုသာ
ရွေ့လျားရင်းနဲ့ အချိန်တွေ ကုန်သွားလည်း
ငါဟာ အသက်မဲ့နေပြီလား
အသက်သာ တဖြည်းဖြည်းကြီးလာတယ်
အရာအားလုံးငါ နောက်ကျနေတုန်း
ပျော်ရမယ့်နေ့ကို စောင့်နေရင်းနဲ့ပဲ
မုန်တိုင်းတို့ ပြီးဆုံးသွားရင်တော့
မုန်တိုင်းပဲထပ်မလာနဲ့တော့
ခဏတာဖြစ်ဖြစ်တော့
နေသာပေးပါ
အိပ်မက်ဆိုးတစ်ခုအဖြစ် လန့်နိုးသွားရင်ကောင်းမယ်
ဒီမွန်းကြပ်တဲ့ဘဝအလယ် ဘယ်လိုမှ အဆင်မပြေလို့
စက်ရုပ်လိုသာ
ရွေ့လျားရင်းနဲ့ အချိန်တွေ ကုန်သွားလည်း
ငါဟာ အသက်မဲ့နေပြီလား