![Lu Thar A Thae Hna Lone Nae Kya Naw ft. Kyaw Hein](https://source.boomplaymusic.com/group10/M00/01/09/ba25ccb533244dd8905e18872b47ad58H3000W3000_464_464.jpg)
Lu Thar A Thae Hna Lone Nae Kya Naw ft. Kyaw Hein Lyrics
- Genre:Hip Hop & Rap
- Year of Release:2025
Lyrics
[sai sai]
ဦးကျော်ဟိန်းပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိတယ်
လူသားအသည်းနှလုံးနဲ့ကျွန်တော်
လူသားအားလုံးကို လေးစားပါတယ်
လူသားအသည်းနှလုံးနဲ့ကျွန်တော်
လူသားတိုင်းကို လေးစားတယ် အဟုတ်
လူသားအားလုံး အရေးထားတယ်ကျုပ်
လူတွေကိုယ့်အိပ်မက်ကိုယ် စိတ်ကြိုက်သာလုပ်
အတူတူလက်ဆွဲပြီးနှုတ်ဆက်မယ် ရှိတ်လိုက်ပါဦး
လူအချင်းချင်း ခွဲခြားစရာမရှိ
ပုံသဏ္ဌာန်နဲ့ အရောင်နဲ့အဆင်း ကွဲပြားတာချည်း
အသွင်မတူတာ နှိမ့်ချစရာမရှိ
ကမ္ဘာမြေမှာမလိုအပ်ဘူး အနိဌဘဝကြီး
လူဆိုတာ အမှန်တကယ်တော့ထူးခြားတဲ့သတ္တဝါ
ဦးနှောက်ကစူးရှတဲ့အမှတ်သညာ
Socrates Confucius ဒဿန
စိတ်ကူးနဲ့အတွးအခေါ်တွေက ကွန့်မြူးတယ်ရပ်မရ
လူဆိုတာ ကံတရားရဲ့အကြီးအကဲ
လူတွေကို တုနှိုင်းစရာမရှိခဲ့
လူသားတွေသန်းပေါင်းရှစ်ထောင် အရည်အသွေးတွေ မတူညီလည်း
ပခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ လူဆိုတာ လူပါပဲ
လူဆိုတာ လူပါပဲ
[kyaw hein]
မပြုံးချင်နေပါ မမဲ့ပါနဲ့ မခင်ချင်နေပါ မနှင်ပါနဲ့
မချစ်ချင်နေပါ မမုန်းပါနဲ့ လူသားအသည်းနှလုံးနဲ့ကျွန်တော်
မပြုံးချင်နေပါ မမဲ့ပါနဲ့ မခင်ချင်နေပါ မနှင်ပါနဲ့
မချစ်ချင်နေပါ မမုန်းပါနဲ့ လူသားအသည်းနှလုံးနဲ့ကျွန်တော်
[sai sai]
အရေးတကြီးသိဖို့က ကိုယ့်ရင်ထဲမှာ ကြင်နာစိတ်ရှိဖို့
သေချာတာ အရာရာနတ္ထိမို့
မကောင်းတဲ့အတွေးတွေက မိစ္ဆာဒိဌိလို
ဗုဒ္ဓဘုရား ဟောကြားတယ် အနိစ္စအမြဲမရှိလို့
သမိုင်းကြောင်းကိုကြည့် sapiens တွေချည်း
မနုဿဗေဒ ရာဇဝင်ထဲ alien မရှိ
ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ရဲ့ နောက်ဆက်တွဲအကျိုးဆက်
အာကာသရဲ့အပြင်ကိုထွက်မယ့် မျိုးဆက်တွေအထိ
အသိဉာဏ်အတွက် မလိုတာတွေကို စွန့်ပယ်
ဟောင်းနွမ်းတဲ့ အတွေးအမြင်တွေတွန်းဖယ်
တိရစ္ဆာန်မဟုတ် မြင့်မြတ်တဲ့ဘုံဘဝ
ရခဲတဲ့လူ့ဘဝ မနုသတ္တဒုလ္လဘ
ငှက်တွေက ပျံရင်းနဲ့သေမယ်
လူတွေဆိုတာက ကြံရင်းနဲ့သေသတဲ့
လူသားတစ်ယောက်လိုပဲ ဂေါ်ရင်းနဲ့နေမယ်
လူတွေထဲကလူ ကျွန်တော်က မျှော်လင့်ချက်တွေနဲ့
[kyaw hein]
မပြုံးချင်နေပါ မမဲ့ပါနဲ့ မခင်ချင်နေပါ မနှင်ပါနဲ့
မချစ်ချင်နေပါ မမုန်းပါနဲ့ လူသားအသည်းနှလုံးနဲ့ကျွန်တော်
မပြုံးချင်နေပါ မမဲ့ပါနဲ့ မခင်ချင်နေပါ မနှင်ပါနဲ့
မချစ်ချင်နေပါ မမုန်းပါနဲ့ လူသားအသည်းနှလုံးနဲ့ကျွန်တော်
လူသားအသည်းနှလုံးနဲ့ကျွန်တော်
လူသားအသည်းနှလုံးနဲ့ကျွန်တော်
[sai sai]
ငါးတွေလိုမဟုတ် ပါးဟက်တွေကို စွန့်တယ်
နဂါးတွေလို မဟုတ် အကြေးခွံတွေစွန့်ခဲ့
ကျားတွေလိုမဟုတ် လက်သည်းတွေကို စွန့်တယ်
နွားတွေလို မဟုတ် ဦးချိုတွေကိုစွန့်ခဲ့
အစွယ်ကိုငြင်းပယ် အဆိပ်ကိုစွန့်ခဲ့
အတောင်ပံတွေ အရေခွံတွေ ဆူးတွေကို မတပ်မက်
အဟိတ် တိရစ္ဆာန်တွေနဲ့ အဘိဓာန်တွေမတူခဲ့
ကမ္ဘာမှာ ရှင်သန်နိုင်တာ အသိဉာဏ် တစ်ခုတည်း
ဦးနှောက်ကိုအားပြုတဲ့ မဟာလူသား
လူဆိုတာ ကံကြမ္မာကို စီရင်နိုင်တဲ့ ဆရာတစ်ဆူလား
တီထွင်ဖန်တီးမူတွေက လူတွေကို အရာရာလှုပ်နှိုးခဲ့
ဉာဏ်ပညာနဲ့ အတွေးအခေါ်တွေက ကမ္ဘာကိုအုပ်စိုးတယ်
[kyaw hein]
မပြုံးချင်နေပါ မမဲ့ပါနဲ့ မခင်ချင်နေပါ မနှင်ပါနဲ့
မချစ်ချင်နေပါ မမုန်းပါနဲ့ လူသားအသည်းနှလုံးနဲ့ကျွန်တော်
မပြုံးချင်နေပါ မမဲ့ပါနဲ့ မခင်ချင်နေပါ မနှင်ပါနဲ့
မချစ်ချင်နေပါ မမုန်းပါနဲ့ လူသားအသည်းနှလုံးနဲ့ကျွန်တော်
လူသားအသည်းနှလုံးနဲ့ကျွန်တော်
[sai sai]
လူသားတိုင်းကို လေးစားပါတယ်
လူသားတိုင်းကို အရေးထားတယ်အမြဲ
လူသားတိုင်းကို အလေးထားပါတယ်
ဦးကျော်ဟိန်းပြောတဲ့စကားလို လေးစားပါတယ်
လူသားတိုင်းကို လေးစားပါတယ်
လူသားတိုင်းကို အရေးထားတယ်အမြဲ
လူသားတိုင်းကို အလေးထားပါတယ်
ဦးကျော်ဟိန်းပြောတဲ့စကားလို လေးစားပါတယ်