အသဲကွဲ ကဗျာ Lyrics
- Genre:Hip Hop & Rap
- Year of Release:2024
Lyrics
အသဲကွဲ ကဗျာ
အတွေးများဟာ ရောထွေး
ကြယ်တာရောင် ဖျော့ဖျော့လေးတွေ
ဂီတာသံဆွေးဆွေးလေးတွေရယ်
စီကရက်ငွေ့လေးတွေ
အရာရာအရင်တိုင်းပဲပေါ့ချစ်ရေ
Gallerမဟောင်းလေးထဲက အမှတ်တရလေးတွေ
ကျန်သေးတယ် နင်ပျော်ရာကို သွားလိုက်ပါတော့ကွယ်
ငါ့ဘက်ကို လှည်မကြည့်နဲ့ ရပါတယ်
ငါတို့ရင်နှီးခဲ့ ဖူးသမျှနဲ့ ချစ်ခြင်းမရှိတဲ့ဖူးစား
ဝင်သက်ထွက်သက်တိုင်းမှာ ငါဟာ
အရမ်းလွမ်းနေတာမို့
အကြောင်းကြားပေးကြပါ
ပုံမှန်မဟုတ်တဲ့ ငါ့စိတ်များ
နေသာကျသွားပါ့မလား
ငါတွေးခဲ့သမျှ ထပ်တူမကျ ငါဟာ
နင်ပြုံးဖို့တွက် အသက်ရှူတာ
လမ်းလွဲရမယ့် အကြောင်းရယ်ကံပါလာရင်
လမ်းခွဲပေးကြရတာ လူနှစ်ယောက်ရဲ့ ကံကြမ္မာအရ
မင်းတွက်ပဲလည်တယ် မောင့်ရဲ့ သံသရာဟာ
သက်္ကရာဇ်တွေဟောင်းတဲ့ထိ စောင့်မယ် ပြန်လာမလား
နောင်ဘဝမှာ မင်းနဲ့ နီးစပ်ပါစေလားကွာ
ဘုရားမှာ ဆုတောင်း နှလုံးသားခြင်းမင်းနဲ့
မထိစပ်ရလေသမျှ
ဝမ်းနည်းခြင်းအရပ်သို့ ငါ့စိတ်ဟာ
ခရီးထွက်သွားနေကြပါ
ရင်ထဲက ပူလောင်ခြင်းကိူ ငြိမ်းဖို့ ဘယ်မီးသတ်ကားတွေမှမလာ
ဘယ်အရာမှ မတည်မြဲဘူးလေ Broလို့
သူငယ်ချင်းတွေ ပြောလဲ
မင်းတစ်ယောက်သာ ဒီဘဲရူနေလို့
မင်းလေးတစ်ယောက် ဒီချိန် ဘယ်သူ့ပုခုံးလေးထက်ဝယ် မှီမလဲ ခုနေဆို
သက်မှတ်ပေးပါ အသဲခွဲရင် အပြစ်ပေးနိုင်တဲ့
တည်ဆဲဥပဒေတစ်ချို့ကို
ငါတို့ရင်နှီးခဲ့ ဖူးသမျှနဲ့ ချစ်ခြင်းမရှိတဲ့ဖူးစား
ဝင်သက်ထွက်သက်တိုင်းမှာ ငါဟာ
အရမ်းလွမ်းနေတာမို့
အကြောင်းကြားပေးကြပါ
ပုံမှန်မဟုတ်တဲ့ ငါ့စိတ်များ
နေသာကျသွားပါ့မလား
ငါတွေးခဲ့သမျှ ထပ်တူမကျ ငါဟာ
နင်ပြုံးဖို့တွက် အသက်ရှူတာ
နှစ်တွေကြာသည့်တိုင်အောင် စာမလာ၍သတင်းမပေး
ဝေးကြဖို့လမ်းကိုတစ်ယောက်ထဲ ငါမပါပဲ မင်းရွေး
မိန်းကလေးရယ် မင်းလှေလှန်နှစ်ဖတ်နင်းခဲ့ရင်တောင်
ကိုယ့်ဘက်တော့ ပိုပြီး သာသာလေး နင်းပေး
တသသငြီးဖစ်တဲ့ Colour မဲ့ သီချင်းတွေ
မေ့နိုင်သွားပြီမလားကွာ မညာပါနဲ့ ချစ်ရေ
လမ်းလျှောက်နေရင်း ယောင်ချာချာဖစ်နေတုန်းပေါ
အသဲကွဲနေရတဲ့ ကဗျာဆရာရဲ့ တနင်္ဂနွေ
ငါတို့ရင်နှီးခဲ့ ဖူးသမျှနဲ့ ချစ်ခြင်းမရှိတဲ့ဖူးစား
ဝင်သက်ထွက်သက်တိုင်းမှာ ငါဟာ
အရမ်းလွမ်းနေတာမို့
အကြောင်းကြားပေးကြပါ
ပုံမှန်မဟုတ်တဲ့ ငါ့စိတ်များ
နေသာကျသွားပါ့မလား
ငါတွေးခဲ့သမျှ ထပ်တူမကျ ငါဟာ
နင်ပြုံးဖို့တွက် အသက်ရှူတာ