Let You Go ft. Zwe Sang & Justin Lian Lyrics
- Genre:Hip Hop & Rap
- Year of Release:2024
Lyrics
မြတ်နိုးတဲ့ ဘဝနဲ့ရင်းပြီးချစ်ခဲ့တာဆို
ယုံမိတဲ့ငါ့ဘဝ ခုတော့အဆိပ်သင့်နေသလို
စိတ်ရှိတိုင်းအကွက်တွေရွှေ့
နင်လုပ်ချင်တာလုပ်
အချစ်ဆိုတဲ့ဆေးကငါ့တွက်ခါးသီးတာမျိုး
ဒါစိတ်ဆန္ဒအရင်ကစိတ်နဲ့ ပြန်ချစ်ပေးပါ
ပြတ်သားပြီလားနင်အရင်ကအနမ်းတွေ မေ့ပစ်ဖို့ရာ
မှုသားတွေကြားအိမ်မက်တို့အခု အားလုံးပျက်စီးပြိီ
မာယာရဲ့နှုတ်ခမ်းတွေအောက်ဒီဖြူစင်တဲ့ငါ့စိတ်
နင်ပျော်ဖို့တွက်ရည်စူးပြီးဒီနှလုံးသားကိုစတေး
အတူပေးတဲ့ကတိကကြင်ကြင်နာနာလက်တွဲကြမယ်ဆို
တကယ်တမ်းကအချစ်ထက်နင်ကြင်နာတာအထက်တန်းစားတွေမို့
မလိုချင်လည်းထားခဲ့လိုက်နင်ရင်ထဲရှိသလိုလုပ်
ငါနင်နဲ့ပက်သက်ပြီး ကြိတ််ခံစားတတ်တာမျိုး
ဆုံမှတ်လွဲတဲ့လမ်းမှာ မျှော်လင့်ချက်ပျောက်ဆုံး
လိုတာထက်ပေးဆပ်ခဲ့တာပင်ပန်းလွန်းပြီမို့
i will let you go
ပြတ်သားတယ်ရှင်းတယ် ငါ့ဖက်ကတော့ let you go
မုသားတွေများပြီးရှုပ်တယ် မင်းဇာတ်လမ်းလဲ ငါလေရိုး
ဟာသတွေပြောပြီးရင်ဘတ်ကြီးကိုစောင့်ကန်တတ်တဲ့ joker မျိုး
ကြုံဖူးမှသိမယ် နောက်ကြောတည့်တည့်ကိုဓားနဲ့ထိုးတာမျိုး
ပြဿနာမရှိပဲနဲ့ ပြဿနာတွေလိုက်ရှာ
လုံနေသေးတယ်ပေါ့မင်းဖက်ကလိပ်ပြာ
ငါ့ရဲ့ဘက်ကတော့ကျလိုက်ရတဲ့သိက္ခာ
မင်းရဲ့လှည့်ကွက်ထဲပိတ်မိနေတာသိကြာ
မင်းနဲ့တွေမှာပဲ ပိန်သွားတယ်ငါ့မှာ
ကျိန်သွားတဲ့သစ္စာတွေ ပြန်ကြားဆဲ့အခုငါ
ယုံစားခဲ့တဲ့ အချစ်ကွာ
ချန်ထားခဲ့ပါတော့ အတိတ်မှာ
ပြောင်းလဲလာမယ်ထင်ထားပြီးတော့ ပေးဆပ်ခဲ့တယ် ဒီအချစ်တွေ
ပြောင်းသွားမယ် ယုံးစားပြီးတော့ ခွင့်လွှတ်ခဲ့တယ် ဒီအပြစ်တွေ
မင်းအတွက်ဆိုငါ့ရဲ့ဘက်က မကန့်သတ်ခဲ့ဘူး ပေးဆပ်ခြင်းတွေ
(ဒီတခါတော့) ပင်ပန်းပြီးမောပြီး ထွက်သွားပေးပါဟိုအဝေးဆီ
ဒါစိတ်ဆန္ဒအရင်ကစိတ်နဲ့ ပြန်ချစ်ပေးပါ
ပြတ်သားပြီလားနင်အရင်ကအနမ်းတွေ မေ့ပစ်ဖို့ရာ
မှုသားတွေကြားအိမ်မက်တို့အခု အားလုံးပျက်စီးပြိီ
Don't wanna let you go,
But I gotta let you know
ငါလိုကောင်ဟာနင်လိုချင်သလိုလိုက်ကပြမယ့်ဇာတ်ရုပ်မဟုတ်ဘူး
လိုရင်ခေါ်မလိုရင်လျှောနဲ့ နေ့နဲ့ညနဲ့နင်နိုပ်စက်ခဲ့ဖူး
နင်လုပ်တလိုပြန်လုပ်ဖို့လည်း ငါ့ရဲ့အချစ်ကအပေါစားမဟုတ်ဘူး
နှိပ်စက်လို့ဝပြီလား ရက်စက်လို့ပြီးပြီလား
ဒဏ်ရာ ဟာ အရာမထင်ပါဘူး နင်မြင်တာကမျက်ရည်သာ
ဒါကိုတောင်ငါမမြင်စေချင်
အရင်ချိန်တွေငါ ပြန်မလိုချင်
လေနှင်ရာပျန်သန်းရင်းနဲ့
ခဏလာနားပြီးနှင်ချင်ရာနှင်