Nin Ma Shi Loh Ma Phyit Tae Lu Thar (နင်မရှိလို့မဖြစ်တဲ့လူသား) ft. Amera Hpone Lyrics
- Genre:Hip Hop & Rap
- Year of Release:2023
Lyrics
နင်မရှိလို့ မဖြစ်တဲ့လူသား
အရာတိုင်း စွန့်လွှတ်ရဲတယ်ကွာ
ရင်ဆိုင်ဖို့အတွက် အဆင်သင့်ပါ
ကမ္ဘာတစ်ခုလုံးအား ဆန့်ကျင်ထား
အချစ်သာ ငါ့ရဲ့ ကိုးကွယ်ရာ
ရှုပ်ထွေးတဲ့ လူ့ဘဝ အသိုင်းအဝိုင်း စစ်မြေပြင်ထဲ ကမ္ဘာတစ်ခုလုံးနဲ့ တို့နှစ်ယောက်
ထိုးစစ်တွေ အသေဆင်နွှဲ
နင့်အနားပဲ နေချင်တယ် နင့်အနားပဲ သေချင်တယ်
လူတွေ ပြောချင်တာတွေ ပြောပါစေ
အချစ်ကို ဘဝလို့ထင်တယ်
အချစ်အတွက် အသက်ရှင်သန်သူ
မိုက်ရူးရဲ သိပ်ပြီး ဆန်သူ
သေကွဲကွဲလို့ရတယ် လုံးဝ ရှင်ကွဲတော့ အကွဲမခံဘူး
အသက်ပေးရမှာ မကြောက်ဘူး
တစ်သက်ဝေးရမှာ ကြောက်သူ
ထွက်ပြေးကြမယ် အဝေးကို အတူ
စွန့်စားရဲတယ်ချစ်သူ
အဆုံးထိ ငါတွေးထားပြီးသား ဖြစ်ချင်တာတွေ ဖြစ်ပါစေ
ဝေးဖို့အကြောင်း ခဏတွေးရင်တောင် ရင်ထဲမှာ
ဆို့နစ်ကာကြွေ
ဘယ်သူမှ နားမလည်ကြဘူး ငါတို့နှစ်ယောက် သိပ်ချစ်တာတွေ
မာန်မာန တွေကြား လူများ အကြင်နာစိတ်တွေ လစ်ဟာနေ
ဘာမှ မလိုပါဘူး ကျန်တာတွေ အကုန်ခေါက်ထားခဲ့
ပထဝီ မြေကြီးအဆုံး ခြေဆန့်လို့ လျှောက်သွားမယ်
ဆူးခလုတ်တွေ ဘယ်လောက်ပဲ များပါစေ
မရှိပါဘူး အကြောက်တရားလည်း
နင့်ရဲ့ အနမ်းတချက်နဲ့တင်
အပူအပင် အကုန်ပျောက်သွားတယ်..
နင်မရှိလို့ မဖြစ်တဲ့လူသား (နားလည်ပေးပါ)
အရာတိုင်း စွန့်လွှတ်ရဲတယ်ကွာ (ငါလေ ဘာမှ မမက်ပါ)
ရင်ဆိုင်ဖို့အတွက် အဆင်သင့်ပါ
ကမ္ဘာတစ်ခုလုံးအား ဆန့်ကျင်ထား
အချစ်သာ ငါ့ရဲ့ ကိုးကွယ်ရာ
အရာတိုင်း ကျောခိုင်းမယ့်လူသား (မင်းကလွဲရင်)
နင်နဲ့ ဝေးလို့ မဖြစ်ဘူးကွာ (နင်သာ ငါ့ရဲ့ဘဝပါ)
ငါလေ နင့်လက်ကိုတွဲကာ ကမ္ဘာတစ်ခုလုံး
တိုက်ခိုက်ချင်တာ မင်းသာငါ့ရဲ့ ကိုးကွယ်ရာ
အချစ်နဲ့ဘဝကို လူတွေအမျိုးမျိုး
အဓိပ္ပာယ်ဖွင့်ဆိုကြတယ်
နင်ကငါရဲ့အချစ် နင်တစ်ယောက်ကသာ ငါရဲ့ဘဝပဲ
အသက်ရှူရခြင်း အကြောင်းအရင်း ငါ့ပျော်ရွှင်ခြင်း ငါ့ထာဝရပဲ
မင်းနဲ့ ဝေးရမယ့်အစား လဲသေပစ်လိုက်တာမှကောင်းမယ်
နင်ကငါရဲ့အရာရာ နင်ကငါ့စကြာဝဠာ
ဗလာပဲရှိတဲ့ ငါ့ရဲ့ကောင်းကင်ပြင်အတွက် နက္ခတ်တာရာ
ငါက မင်းကို ချစ်ဖို့ ရောက်ရှိမွေးဖွားလာတဲ့လူသား
You're my destiny ဘယ်လောက်ထိ စတေးရမှာလဲ မမှုပါ
မင်းကလွဲရင် ငါ ဘာမှ မမြင်တော့
မင်းမျက်နှာ တစ်ကမ္ဘာ မှာ ငါ့အတွက် သခင်ပေါ့
ငါ့ အတ္တ မာန အကုန်လုံး ဇာန်တွေလျော
I'm gonna fight for you ဘယ်သူ ဘာပဲပြောပြော
ဆူးခလုတ်တွေအပြည့်နဲ့ အချစ်ခရီးလမ်းက
ကြမ်းလည်း
ခြေထောက်တွေ ပေါက်ပြဲသွားပါစေ မရပ်ဘူး ငါဆက်လှမ်းမယ်
မင်းလက်ကိုဆွဲ ခေါင်းမော့လို့ ဖြတ်သန်းမယ်
ငါ့အသက်နဲ့ခန္ဓာ မြဲသ၍ အမြဲတမ်းကွယ်
နင်သာ ထာဝရ
နင်သာ ငါ့ကမ္ဘာ
နေမဝင်အချစ်များ
နင်သာ ငါ့ဘဝ
နင်မရှိလို့ မဖြစ်တဲ့လူသား
အရာတိုင်း စွန့်လွှတ်ရဲတယ်ကွာ
(အရာရာစွန့်လွှတ်ရဲတယ်ဟေ့ )
ရင်ဆိုင်ဖို့အတွက် အဆင်သင့်ပါ
ကမ္ဘာတစ်ခုလုံးအား ဆန့်ကျင်ထား
အချစ်သာ ငါ့ရဲ့ ကိုးကွယ်ရာ
အရာတိုင်း ကျောခိုင်းမယ့်လူသား
(စွန့်လွှတ်ရဲတယ်ဟေ့)
နင်နဲ့ ဝေးလို့ မဖြစ်ဘူးကွာ
(နင်သာ ငါ့ရဲ့ဘဝပါ)
ငါလေ နင့်လက်ကိုတွဲကာ ကမ္ဘာတစ်ခုလုံး
တိုက်ခိုက်ချင်တာ မင်းသာငါ့ရဲ့ ကိုးကွယ်ရာ