Lan Khwal A Thel Kwal Lyrics
- Genre:Pop
- Year of Release:2023
Lyrics
ငါကိုယ်တိုင်ပဲလမ်းခွဲတယ်
ငါကိုယ်တိုင်ပဲအသည်းကွဲတယ်
ငါကိုယ်တိုင်လည်းမနေနိုင်ပဲ
ငါတစ်ယောက်တည်းသတိရတယ်
ရင်နာနာနဲ့နှုတ်ဆက်တယ်
မရေရာတဲ့ဘဝတစ်ခုအတွက်
နင်ဖြေသာနိုင်ဖို့ရင်ကိုခွဲ
အသည်းနှလုံးပေးခဲ့တယ်
ဘာကြောင့်လဲလို့မေးရင်
နင်ဟာအပြစ်ရှိလိမ့်မယ်
ဒါကြောင့်အကြောင်းပြချက်လည်း
မပေးချင်ဘူး
ဒီလိုပဲအဆုံးသတ်ကွယ်
ကြာရင်မေ့ပျောက်လိမ့်မယ်
ရင်ခွင်တကာမှာ
မပူပင်စွာနဲ့ပဲ
နေထိုင်သွားလိုက်ကွယ်
နင်ကြာလာရင်တော့သိလိမ့်မယ်
ငါဟာဘာကြောင့်လမ်းခွဲတယ်
နင်သာယာနေခဲ့တာတွေအချစ်
ဟုတ်မဟုတ်သိလိမ့်မယ်
ရင်နာနာနဲ့နှုတ်ဆက်တယ်
မရေရာတဲ့ဘဝတစ်ခုအတွက်
နင်ဖြေသာနိုင်ဖို့ရင်ကိုခွဲ
အသည်းနှလုံးပေးခဲ့တယ်
ဘာကြောင့်လဲလို့မေးရင်
နင်ဟာအပြစ်ရှိလိမ့်မယ်
ဒါကြောင့်အကြောင်းပြချက်လည်း
မပေးချင်ဘူး
ဒီလိုပဲအဆုံးသတ်ကွယ်
ကြာရင်မေ့ပျောက်လိမ့်မယ်
ရင်ခွင်တကာမှာ
မပူပင်စွာနဲ့ပဲ
နေထိုင်သွားလိုက်ကွယ်
ငါကိုယ်တိုင်ပဲလမ်းခွဲတယ်
ငါကိုယ်တိုင်ပဲအသည်းကွဲတယ်
ငါကိုယ်တိုင်လည်းမနေနိုင်ပဲ
ငါတစ်ယောက်တည်း
သတိရတယ်