
အိမ်ပြန်ချင်သူ Lyrics
- Genre:Pop
- Year of Release:2024
Lyrics
အရှိန်မှန် ခုတ်မောင်းတဲ့ရထားဟာ ပြေးလွှားနေတယ်
အိမ်ပြန်သူတယောက်ရဲ့ အလွမ်းဟာ အဆုံးသတ်ခါနီးပြီပဲ အိမ်မပြန်တာ ကြာခဲ့ပြီမို့ အိမ်ပြန်ရောက်ဖို့ကို အလျင်လိုနေခဲ့
ငါထိုင်တဲ့ပြတင်ပေါက်နား လယ်ကွင်းစိမ်းတွေနဲ့
မြူမှုန်တွေတဖွဲဖွဲကျ သဘာဝရဲ့ပန်းချီကားပါပဲ
လွင်ပြင်တွေ ဖြတ်သန်းရင်း ခရီးနှင်လာ ငါအိမ်တောင်ရောက်တော့မယ်
မွေးရပ်မြေမြို့ငယ်နဲ့ ဝေးနေတဲ့
လူငယ်တယောက်ရဲ့ အိမ်ပြန်တဲ့ခရီးပဲ ...
လွမ်းတဲ့စိတ်နဲ့ အိမ်ပြန်လာမယ့်သူကို ကြိုနှင့်တော့ကွယ်
မြို့ပြရဲ့မွန်းကြပ်မှုတွေ ထားခဲ့ပြီး မိဘအရိပ်ပြန်ခိုလှုံချင်တယ်
နွေးထွေးလွန်းတဲ့ ရင်ခွင်ကို စုံကန်ပြီး ငါထွက်သွားခဲ့တာ သုံးနှစ်ပြည့်ပြီ
လမ်းပျောက်ခဲ့နေ့ရက်များကို မေ့လိုက်ပြီး မေတ္တာရိပ်မှာ ခဏတာဖြစ်ဖြစ် ပြန်နွေးထွေးချင်ပြီ ...
သန်းခေါင်ယံမှာ ချွေးတို့နဲ့လန့်နိုးလို့လာခဲ့ ပျော်ရွှင်စရာအိပ်မက်လေး ပျက်စီးခဲ့လို့သွားပြီပဲ
ငါအခန်းကျဉ်းထဲ မှိုင်နေရင်း ခေါင်းအုံးလေးကို ဖက်ရင်း အိပ်မက်လေးပဲ ဆက်မက်ချင်တယ်
မွေးရပ်မြေမြို့ငယ်နဲ့ ဝေးနေတဲ့
လူငယ်တယောက်ရဲ့ ဒါအိမ်မက်တဲ့ခရီးပဲ ...
ဝမ်းနည်းစိတ်နဲ့ အိမ်ပြန်ချင်တဲ့သူကို ဘယ်လိုနှစ်သိမ့်မလဲ
မြို့ပြရဲ့မွန်းကြပ်မှုတွေ ထားခဲ့ပြီး မိဘအရိပ်ပြန်ခိုလှုံချင်ခဲ့
နွေးထွေးလွန်းတဲ့ ရင်ခွင်ကို စုံကန်ပြီး ငါထွက်သွားခဲ့တာ သုံးနှစ်ပြည့်ပြီ
လမ်းပျောက်ခဲ့နေ့ရက်များကို မေ့လိုက်ပြီး မေတ္တာရိပ်မှာ ခဏတာဖြစ်ဖြစ် ....
ဝမ်းနည်းစိတ်နဲ့ အိမ်ပြန်လာမယ့်သူကို ကြိုနှင့်တော့ကွယ်
မြို့ပြရဲ့မွန်းကြပ်မှုတွေ ထားခဲ့ပြီး မိဘအရိပ်ပြန်ခိုလှုံချင်ခဲ့သော သားငယ်
နွေးထွေးလွန်းတဲ့ ရင်ခွင်ကို စုံကန်ပြီး ငါထွက်သွားခဲ့တာ သုံးနှစ်ပြည့်ပြီ
လမ်းပျောက်ခဲ့နေ့ရက်များကို မေ့လိုက်ပြီး မေတ္တာရိပ်မှာ ခဏတာဖြစ်ဖြစ် ပြန်နွေးထွေးချင်ပြီ ....
မေတ္တာရိပ်မှာ ခဏတာဖြစ်ဖြစ် ပြန်နွေးထွေးချင်ပြီ ...